Nice Test

article thumbnail မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Search Engine တည်ဆောက်သည့် နည်းပညာ” ဟောပြောပွဲနှင့် သင်တန်းကျင်းပမည်
Friday, 01 January 2010

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက်...

Local IT News!

International General News

article thumbnail တရုတ်နိုင်ငံတွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုပြုခဲ့သူများအား ထောင်ဒဏ်ချမှတ်ခဲ့
Saturday, 02 January 2010

အွန်လိုင်းဂိမ်းကစားခြင်းမှ ငွေလိမ်လည်မှုပြုခဲ့သူ ဂိမ်မာ ၁၁ ဦးကို...

International IT News!

IT News local Nice Test

article thumbnail အချိန်တိုအတွင်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သည့် သင်တန်းသစ်
Friday, 01 January 2010 | adminkosunny

ပြည်တွင်း Professional ICT သင်တန်းများသည် အချိန် ကြာမြင့်စွာ...

Education News!

 

Gadget

Gadget

Guide

Guide

article thumbnail စွမ်းရည်မြင့် ဈေးသက်သာတဲ့ 3 in 1 Printer
Monday, 09 November 2009 | adminkosunny

အိမ်နဲ့ ရုံးလုပ်ငန်းတွေမှာ Printer, Scanner, Copier တွေလိုအပ် တယ်ဆိုရင်...

Game

Game

article thumbnail Street Fighter IV
Monday, 09 November 2009

အရမ်းကို တောင့်တင်းခိုင်မာပြီး စိန် ခေါ်နိုင်စွမ်းရှိနေတဲ့...

 
Google Wave ကို စတင်အသုံးပြုနိုင်ပြီ စိတ်ဝင်စားသူများပြားလျက်ရှိ PDF Print E-mail
Written by adminkosunny   
Thursday, 10 December 2009 10:59
Google ၏၀န်ဆောင်မှု အ သစ်တစ်ခုဖြစ်သော Google Wave ကို Gmail အသုံးပြုနေ သူ များအနေဖြင့် နိုဝင်ဘာ ၂၇ ရက် မှ စတင်အသုံးပြုနိုင်ခဲ့ပြီး အင် တာနက်သုံးသူများ စိတ်ဝင်စား မှု များပြားလျက် ရှိ ကြောင်း သိရသည်။Google Wave  အ သုံးပြုမှုနှင့်ပတ်သက် ၍ မြန်မာအိုင်တီ ပရို ၀က်ဘ် ဆိုက် ၏ Developer   ကိုအိ အောင် (Durosoft) က “Google Wave က အီးမေးလ်ရယ်၊ ဂျီး တော့ခ်လို Instant Message ရယ်၊ ဖိုရယ်ကို ပေါင်းထားတဲ့ Communication Platform အ သစ်တစ်ခုပဲ။ အဲဒါတွေကို နောက်ဆုံး နည်းပညာ အသစ် တွေချည်းပဲ သုံးထားတယ်။ အ ရင်က ဒါမျိုးမရှိသေးလို့ ဘာနဲ့ တူသလဲလို့နှိုင်းယှဉ်ပြစရာ မရှိ ဘူး” ဟုပြောသည်။Google Wave ဖြင့် G talk ကဲ့သို့ အဖွဲ့လိုက် Chatting  သုံး နိုင်ပြီး ခေါင်းစဉ်တစ်ခုအား ဖို ရမ်အဖြစ် ဆွေးနွေးနိုင်သကဲ့သို့ အားသာချက်အဖြစ် ပုံများ၊ Gadget များ စသည်တို့ကို တစ်ပြိုင် တည်းတွဲ၍ ပေးပို့နိုင်သည်။ မေးလ်ပို့ရာတွင် ယခင် ဂျီးမေးလ် တွင် မပါသောYes, No, Maybe Question, Map Gadget နှင့် Gadget by URL စသည်တို့ပါဝင်လာသည်။ Gmail ရှိ Label နေရာတွင် လည်း Folder များအဖြစ်ပြောင်း လဲပါဝင်လာသဖြင့် Folder များ အဆင့်ဆင့်ခွဲ၍ သိမ်းဆည်းထား နိုင်မည်ဖြစ်သည်။Mail များကို ဖတ်ရှုရာတွင် လည်း Inbox မှတစ်ဆင့်ဖတ်ရှု ခြင်း မဟုတ်ဘဲ New wave အ ဖြစ် သီးသန့် Wave တစ်ခု တက် လာပြီး Inbox နှင့် ယှဉ်၍ ဖတ်နိုင် သည်။ Forum အဖြစ် သုံးရန်အတွက် ခေါင်းစဉ်တစ်ခု ကို New Wave အဖြစ်တင်ပြီး ဆွေးနွေးထားပါက တစ်ကြိမ်ဝင် ရောက်ဆွေးနွေးရုံဖြင့် Title တစ် ခုလုံးတွင် ဆွေးနွေးထားသမျှကို ၀င်ရောက်ကြည့်ရှုဝေဖန်နိုင်မည် ဖြစ်သည်။ “အခုပေးထားတာက Developer Preview အဆင့်ပဲရှိ သေးလို့  လိုအပ်ချက်တွေတော့ အများကြီး ရှိပါသေးတယ်။ G talk မှာဘ လော့လုပ်ထား တဲ့သူတွေကို လည်း မြင်နေရ တာမျိုး၊ Block လုပ်လို့ မရတာမျိုး၊ Forum edit လုပ်ခွင့် ကို ကန့်သတ်တာမျိုး တွေ မရသေးပါဘူး။ Mail တွေကို Unread လုပ်တာလည်း မပါသေးဘူး။ Invisible လုပ်လို့မရ သေးသလို တစ်ခါတလေ အွန်လိုင်းမှာတကယ်မရှိဘဲ စိမ်းနေတာမျိုးတွေလည်း ရှိပါ သေးတယ်။ အဲဒါတွေကို သူမြင် သွားပါလိမ့်မယ်၊ အခု ကျွန်တော် သုံးနေတဲ့ ရက်အတွင်းမှာတောင် အပြောင်းအလဲတွေက အများ ကြီးရှိနေပါတယ်”ဟု ကိုအိမောင် က ပြောသည်။Google Wave ကိုသုံးရန် အဓိက အခက်အခဲမှာ Connection  Bandwidth နှင့် စက်၏ Hardware လိုအပ်မှု များပြား ခြင်းဖြစ်သည်။“ဖွင့်လိုက်ရင်ကို Connection က တော်တော်နှေးပါတယ်။ ကျွန်တော်တို့ Project Collabo-ration အတွက် သုံးကြည်တာ တော်တော် အဆင်ပြေတယ်။ ဒါ ပေမယ့် Connection နှေးတာ ကြောင့် တွင်တွင်ကျယ်ကျယ် မသုံးနိုင်တော့ဘူး။ နောက်ပြီး Memory 1GB ရှိတဲ့စက်မှာ ၄ ယောက်လောက် သုံးလိုက်ရင် စက်ကတော်တော်လေးသွားတယ်” ဟု ကိုအိမောင်က ပြောသည်။Google Wave Account များကို တစ်ဦးမှတစ်ဦး invite လုပ်ခြင်းဖြင့်သာ ရရှိနိုင်ပြီး တစ် ဦးလျှင် ၈ ဦးစီးပြန်၍ invite လုပ်နိုင်ကြောင်း သိရသည်။
Last Updated ( Saturday, 12 December 2009 10:24 )
 

My Journal